Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဆရာဆရာမများကို ငလျင်ဘေးအန္တရာယ် အသိပညာပေးသင်တန်း ပို့ချ
DVB
·
August 4, 2018
eq
မြစ်ကြီးနားမြို့မှာ ဆရာဆရာမ ၂၈ ယောက်ကို ငလျင်ဘေးအန္တရာယ် အသိပညာပေးဆောင်ရွက်ဖို့ နည်းပြသင်တန်းကို မဒီရာဟိုတယ်မှာ ပို့ချနေပါတယ်။ သြဂုတ် ၃ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဆောင်ရွက်သူတွေကို နည်းပြသင်တန်း ၃ ရက်ကြာ သင်တန်းပို့ချနေတာပါ။ ဒီငလျင်နဲ့ပတ်သက်တဲ့ နည်းပြသင်တန်းဖွင့်ပွဲကို လူမှုရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပြီး ငလျင်နဲ့ ပတ်သက်လို့ အသိပညာမြင့်မားစေဖို့ ရည်မှန်းဆောင်ရွက်နေတာလို့ ရှင်းပြခဲ့ပါတယ်။ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း နည်းပြသင်တန်းကို ကချင်ပြည်နယ်က ခရိုင် ၄ ခုက ဆရာ ဆရာမ ၂၈ ယောက် တက်ရောက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024