ဟုမ္မလင်းမြို့တွင် အင်အား ၄ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
July 28, 2018
ဟုမ္မလင်းမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါအတယ်။
ဒီနေ့မက် မြန်မာစံတော်ချိန် ဝ၇ နာရီ၊ ၁၉ မိနစ်၊ ၁၅ စက္ကန့် အချိန်က ဟုမ္မလင်းမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၂၅ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၅ ဒသမ ဝဝ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒသမ ၃၁ ဒီဂရီ၊ အနက် ၁၁၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။