ဝါဆိုလပြည့်နေ့တွင် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူ များပြား (ဓာတ်ပုံ)
Aung Aung Naing
·
July 27, 2018
ဝါဆိုလပြည့်နေ့မှာ မန္တလေးမြို့ လေးပြင်လေးရပ်နဲ့ ဒေသအသီးသီး အနယ်နယ်အရပ်ရပ်ကနေပြီး ကမ္ဘာကျော် ဦးပိန်တံတားကြီးကို ဇူလိုင် ၂၇ ရက် ဝါဆိုလပြည့်နေ့မှာ လာရောက်လည်ပတ်သူတွေ များပြားနေပါတယ်။
အမရပူရမြို့နယ် တောင်သမန်အင်းမှာ တိုင်လုံးပေါင်း ၁ဝ၈၆ လုံးနဲ့ အခန်း ၄၈၂ ခန်း၊ ဇရပ် ၄ ဆောင်၊ ဖောင်ကြောင်း ၉ ခု၊ တံတားအရှည် ၇ ဒသမ ၈ ဖာလုံရှည်တဲ့ ဦးပိန်တံတားကို ၁၂၁၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ကာ ၁၂၁၃ ခုနှစ်မှာ ပြီးစီးခဲ့ပြီး မြို့စာရေး ဦးပိန်က လှူဒါန်းခဲ့တဲ့ ကမ္ဘာကျော် ဦးပိန်တံတားကြီး ဖြစ်ပါတယ်။