အာဇာနည်ခေါင်းဆောင်ကြီးများကို မန္တလာသီရိ အားကစားကွင်းတွင် ဂါရ၀ပြု (ဓာတ်ပုံ)
Aung Aung Naing
·
July 19, 2018
၇၁ နှစ်မြောက် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဝန်ကြီးချုပ် ဒေါက်တာတာဇော်မြင့်မောင်နဲ့ ကျောင်းသားပြည်သူတွေက မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းမှာ သွားရောက် အလေးပြုခဲ့ကြပါတယ်။
အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ အဖွဲ့တွေ၊ မန္တလေးတိုင်း အမျိုးသမီးရေးရာကော်မတီဝင်တွေ၊ လူမှုအဖွဲ့အသီးသီးက တာဝန်ရှိသူတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တိုင်းရင်းသားတွေ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။