အာဇာနည်နေ့အခမ်းအနား ရန်ကုန် အန်အယ်လ်ဒီအဖွဲ့ချုပ်တွင် ကျင်းပ
DVB
·
July 19, 2018
ဒီကနေ့ ကျရောက်တဲ့ (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဌာနချုပ်မှာ ကျင်းပသွားပါတယ်။
တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရဂုဏ်ပြုတဲ့အနေနဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ပါတီဝင်တွေ၊ ကျောင်းသား ပြည်သူတွေနဲ့အတူ ငြိမ်သက်ဂါရ၀ပြုခဲ့ကြပါတယ်။
အခမ်းအနားမှာ သဘာပတိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဦးက ၇၁ နှစ်မြောက် အာဇာနည်နေ့ကြေညာချက်အား ဖတ်ကြားကာ အခမ်းအနားကို ပေးပို့လာသော သ၀ဏ်လွှာများကို မှတ်တမ်းတင်ခဲ့ပါတယ်။
အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အချက် ၉ ချက်ပါတဲ့ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။