နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁ သိန်းကျော်သွားခဲ့သည့် ကြွေ ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
July 16, 2018
“မင်းထားခဲ့တဲ့ အတိတ်မှာ ငါ… နေပျော်နိုင်ဖို့လေ… အဖြေရှာမရဘူး ချစ်သူရယ်… ငါ့ဘဝ အဓိပ္ပါယ်မဲ့… ငါကြိုးစား မေ့ပစ်လိုက်ချင်တယ်… ဟိုအရင်အချိန်များလည်း…”
ဒါကတော့ လတ်တလောနာမည်ကြီးနေခဲ့တဲ့ ကြွေရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင် သီချင်းစာသားတွေ ဖြစ်ပါတယ်။
နောက်ဆုံးအနမ်းလို့ အမည်ပေးထားတဲ့ ဒီသီချင်းကို တေးရေးဆရာအဆိုတော် ဝနက ရေးစပ်ပေးထားခဲ့ပြီး အဆိုတော် ဆိုင်းမိုင်းက သီဆိုထားတာ ဖြစ်ကာ နာရီပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၁ သိန်း ၂ သောင်းကျော်ရှိနေခဲ့တာပါ။
ကြွေရုပ်ရှင်ကားဟာ နာမည်ကြီး စာရေးဆရာ မင်းလူရဲ့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ဝတ္ထုကို ဒါရိုက်တာ သားညီက ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပြီး လူငယ်အဆိုတော် သ ရုပ်ဆောင် လွှမ်းပိုင်နဲ့ သရုပ်ဆောင် မင်းသမီး အိချောပိုတို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဇာတ်ဝင်ခန်းထဲက သရုပ်ဆောင်မှုပုံရိပ်တွေနဲ့ ဒီဇာတ်ဝင်တေး ဟာ ပရိသတ်တွေကြားမှာ မထွက်ခင်ကတည်းက နာမည်ကြီးနေတာ ဖြစ်ပါတယ်။
“မလွန်ဆန်ခဲ့ဘူး… အရာရာမင်းသဘောအတိုင်း အချစ်ရေ… ငါဟာ မင်းစိတ်နဲ့ အသက်ရှင်ခဲ့တယ်… အချစ်ကိုငါယုံစားပြီးမှကွယ်… မမြင်တော့ဘူး… မျက်ကန်းအချစ် တွေနဲ့… မထင်ထားဘူး… ဒီလို မင်းရက်စက်သွားလိမ့်မယ်… ဘယ်လိုဆေးဝါးတို့က အသုံးဝင်လိမ့်မလဲ… ငါ့ဒဏ်ရာတွေကုစားပေးဖို့အတွက် ဒီအလွမ်းတွေနဲ့… အထီးကျန် နေ့များထဲ…”