Home
မြန်မာသတင်း
မင်းလှတွင် အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၂ ဦး ဖမ်းမိ
DVB
·
July 16, 2018
kalar
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်း အပိုင်နယ်မြေမှာ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁ဝ နာရီခွဲလောက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရန်ကုန်မြို့ကို သွားရောက် အလုပ်လုပ်ကိုင်မယ့် အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရေနံမနယ်မြေရဲစခန်းက သိရပါတယ်။ ရေနံမနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုးတွေ ရောက်ရှိနေကြောင်း သတင်းရတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မနက် ၆ နာရီလောက်ကစပြီးတော့ ရှမ်းတပ်ရဲကင်းနဲ့ ပူးပေါင်းကာ လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းတွေပြုလုပ်ရာ ဘန့်ပြင်ကျေးရွာ အရှေ့ဘက် ၃ မိုင်လောက်အကွာ ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင် (၂၃၆/၃) အနီးမှာ အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၂ ဦးတွေရှိပြီး ဖမ်းဆီးမိခဲ့တာလို့ ပြောပါတယ်။ စစ်ဆေးမေးမြန်းရာမှာ ပြီးခဲ့တဲ့ ၂၂ ရက်လောက်ကတည်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ကနေ ရန်ကုန်ကိုအလုပ်လုပ်ဖို့ လာရောက်တာဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ပါတယ်လို့ ပြောပါတယ်။ အဆိုပါ အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၂ ဦးကို မင်းလှမြို့နယ်လဝကမှာ မှတ်ပုံတင် ဥပဒေနဲ့ အရေးယူဆောင်ရွက်ထားပါတယ်။ ရေနံမနယ်မြေရဲစခန်း အပိုင်နယ်မြေမှာ ဇူလိုင်လ ၆ ရက်နေ့ကလည်း အထောက်ထားမဲ့ ဘင်္ဂလီလူမျိုး ၁ဝ ဦး ဖမ်းဆီး အရေးယူခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024