Home
မြန်မာသတင်း
မိုင်းကိုင်မြို့နယ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များ နေရပ်ပြန်
ခွန်ဇော်ဦး
·
July 16, 2018
mine k
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာက ဘုန်းကြီးကျောင်း ၄ ကျောင်းမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူ ၁ဝဝဝ လောက်ဟာ ဇူလိုင် ၁၄ ရက် ညနေပိုင်းက နေရပ်ပြန်သွားကြပြီဖြစ်ပါတယ်။ “ဟမ်းငိုင်းကျေးရွာက စစ်ဘေးရှောင်တွေကို သွားတွေ့ပြီး ရှင်းပြတယ်။ တပ်မတော်ဘက်ကလည်းဆုတ်သွားပြီး RCSS တပ်တွေလည်း ဆုတ်သွားပြီးဆိုတဲ့ အကြောင်းပေါ့။ ဒီကြားထဲ တိုက်ပွဲသံတွေ မဖြစ်တော့ဘူးဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။ ရွာသားတွေကလည်း ပြန်ချင်နေကြတာနဲ့ ပြန်သွားကြတာပါ” လို့ မိုင်းကိုင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းပန်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုင်းကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုလတ်က “သက်ဆိုင်ရာကလည်း ရွာသားတွေပြန်လို့ရပြီတပ်တွေပြန်ဆုတ်ပြီးလို့ ကျနော်တို့ အုပ်ချုပ်ရေးကို အကြောင်းကြားလို့ ရွာသားတွေကိုပြန်လို့ရပြီလို့ ရှင်းပြခဲ့တာပါ” လို့ ပြောပါတယ်။ ဒီစစ်ဘေးရှောင်တွေဟာ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ  မြန်မာ့တပ်မတော်နဲ့ RCSS/SSA တို့ ဇူလိုင် ၉ ရက်နေ့က ထိတွေ့မှုဖြစ်ပွားခဲ့လို့ ကျေးရွာ ၇ ရွာကနေ အိုးအိမ်စွန့်ခွာလာသူတွေဖြစ်ပါတယ်။ ခွန်ဇော်ဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024