ကော့သောင်း-ဘုတ်ပြင်းကားလမ်းပေါ် ယာဉ်တိမ်းမှောက်၊ ၂ ဦးသေဆုံး
DVB
·
June 21, 2018
တနင်္သာရီတိုင်း၊ ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမ လိဝမ်းကျေးရွာအနီးမှာ ဇွန် ၂၁ ရက်က ယာဉ်တစီးတိမ်းမှောက်လို့ လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့မ လိဝမ်းရဲကင်းစခန်းက သိရပါတယ်။
ကော့သောင်း-ဘုတ်ပြင်းကားလမ်း မလိဝမ်းကျေးရွာအနီး မိုင်တိုင်အမှတ်(၂၅၁/၆)နဲ့ (၂၆၁/၅) အကြားမှာ ယာဉ်မောင်းဖြစ်သူ Communication ကုမ္ပဏီမှာ တာဝန်ခံ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေသူ ကျော်ကျော်ရဲ(၃၆)နှစ်နဲ့ ဇနီးမသူဇာအောင် (၂၉)နှစ်တို့ လိုက်ပါလျက် ခမောက်ကြီးမြို့ဘက်ကနေ ကော့သောင်းဘက်သို့ မောင်းလာစဉ် မလိဝမ်းကျေးရွာ၂၂မိုင်အရောက် ကားဟာလမ်းဝဲဘက်ကိုထိုးကျ ဆီအုန်းပင်နဲ့ ၀င်တိုက်ပြီး ယာဉ်ပေါ်ပါသူ နှစ်ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
ယာဉ်မောင်းကျော်ကျော်ရဲဟာ နားသွေးထွက် မေးရိုးပြုတ်၊ လည်ပင်းရိုးကျိုး ဒါဏ်ရာတွေနဲ့ သဆုံးပြီး မသူဇာအောင်ဟာ ဝဲယာပေါင်ရင်းရိုးကျိုး၊ ဝဲဒူးရိုးကျိုး၊ ၀ဲနံရိုးကျိုး ဒါဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ရဲမှတ်တမ်းကဆိုပါတယ်။
အဆိုပါအမှုနဲ့ ပတ်သက်လို့ လူကိုသေစေတဲ့အထိ ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်သူကျော်ကျော်ရဲကို ဥပဒေအရ အရေးယူထားပါတယ်။
လတ်ကိုကိုဦး