နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်
DVB
·
June 14, 2018
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ဟာ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့မနက် နေပြည်တော်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အထူးလေယာဉ်နဲ့ တရားဝင်ချစ်ကြည်ရေး ခရီးထွက်ခွာသွားပါတယ်။
မြန်မာသမ္မတဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် (၈)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေးနဲ့ (၉)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ထိပ်သီးအစည်း အဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။