ရွှေပြည်သာတွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်များ ပျက်စီး
ပိုင်စိုး
·
May 29, 2018
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လေပြင်းတိုက်ခတ်လို့ လူနေအိမ်တော်တော်များများ ပျက်စီးခဲ့ပါတယ်။
ဒီမနက်အစောပိုင်း ၃ နာရီကျော်က လေပြင်းတိုက်၊ မိုးရွာခဲ့တာကြောင့် ရွှေပြည်သာ အမှတ် ၈၊ ၉၊ ၁၉၊ ၂၀ စတဲ့ ရပ်ကွက်တွေမှာ သစ်ပင်တွေ၊ ဓာတ်မီးတိုင်တွေလည်း လဲပြိုပျက်စီးခဲ့တာပါ။
အဲဒီရပ်ကွက်တွေကို ဒီမနက်ကပဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မြို့တော်ဝန်ဦးမောင်မောင်စိုးကတော့ လေဆင်နှာမောင်းဒဏ် ခံခဲ့ရတာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-Ygn Chief Minister Office