အိန္ဒိယ-မြန်မာ နယ်စပ်တွင် အင်အား ၃.၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
May 26, 2018
အိန္ဒိယ-မြန်မာ နယ်စပ်မှာ မေ ၂၅ ရက်နေ့ညက မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၅၁ မိနစ်၊ ၂၃ စက္ကန့် အချိန်မှာ ဟားခါးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၃၅ မိုင်ခန့်ကွာဝေးသော အိန္ဒိယ-မြန်မာနယ်စပ် မြောက်လတ္တီတွဒ်၂၂.၄၀ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၃.၁၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ် မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။