ဝမ်းတွင်းမြို့တွင် အင်အား ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
May 19, 2018
ဝမ်းတွင်းမြို့မှာ ဒီနေ့မနက် မြန်မာစံတော်ချိန် ၃ နာရီ ၅၄ မိနစ် ၅၂ စက္ကန့်က အင်အား ၃ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးဇလမှ သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၃ နာရီ ၅၄ မိနစ် ၅၂ စက္ကန့်မှာ မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၅၂ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (၀မ်းတွင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၁ ဒသမ ၂၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်တာ စကေး ၃ ဒသမ ၃ အဆင့်ရှိ အင်းအားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားကြောင်း တိုင်းထွာရရှိခဲ့ပါတယ်။