Home
မြန်မာသတင်း
ဝ ဒေသ ပန်ဆန်းတွင် ပလောင်တပ်ဖွဲ့ ဆက်ဆံရေးရုံးဖွင့်
DVB
·
May 18, 2018
FPNC
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ဆက်ဆံရေးရုံးကို “ဝ” ပြည်နယ် ပန်ဆန်း(ပန်ခမ်း)မြို့မှာ  မေ ၁၇ ရက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မဟာမိတ်တွေနဲ့အတူ အမြန်အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ဆက်ဆံရေးရုံးဖွင့်တာလို့ တီအန်အလ်အေအဖွဲ့က ပြောတယ်။ ပလောင်တပ်ဖွဲ့  PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်ကတော့ သူတို့ တပ်ဖွဲ့နယ်မြေတွေ မတည်မငြိမ်ဖြစ်နေတဲ့အတွက် ပန်ဆန်းမှာ ဆက်ဆံရေးရုံးဖွင့်ရတာလို့ ပြောပါတယ်။ “FPNCC ရဲ့လုပ်ငန်းတွေ အလွယ်တကူ ဆက်သွယ်ဆောင်ရွက်လို့ရအောင် သွားပြီးမှ ဆက်ဆံရေးရုံးဖွင့်ရတာ ဖြစ်တယ်။ ကျနော်တို့က လွတ်မြောက်နယ်မြေလည်း မရှိဘူး။ လွတ်မြောက်နယ်မြေ ဆက်သွယ်ဆောင်ရွက်ဖို့လည်း ခရီးသွားလာမှုကအစ  အဆင်မပြေဘူး။ နယ်မြေက မတည်မငြိမ်ဖြစ်တော့။ ဒါကြောင့်မို့ လုပ်ငန်းတွေပိုပြီး နီးနီးစပ်စပ် ဆက်သွယ် ဆောင်ရွက်နိုင်အောင် ဆိုပြီးတော့မှ ရုံးဖွင့်ရတာ ဖြစ်တယ်” ဝ ဒေသမှာ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တခုရဲ့ ဆက်ဆံရေးရုံးတခု ပထမဆုံးအကြိမ် ဖွင့်လာတာ ဖြစ်ပါတယ်။ ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုတို့ရဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကို အစိုးရက တရားဝင် လက်ခံဆွေးနွေးတာ မရှိသေးသလို မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့နဲ့ တပ်မတော်တို့ဟာ လတ်တလောမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ Photo : PSLF -TNLA News & Information Department
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024