သုံးစွဲရန်မသင့်သည့် ဆေးပစ္စည်း ၁ မျိုး အသိပေးကြေညာ
DVB
·
May 11, 2018
သုံးစွဲရန်မသင့်သည့် ဆေးပစ္စည်း ၁ မျိုးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။
ပြည်တွင်းဈေးကွက်မှာ ရောင်းချနေတဲ့ ဆေးပစ္စည်းတွေကို ဝယ်ယူပြီး Post Market Survellience ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ တင်သွင်းခွင့် ထောက်ခံချက်လက်မှတ် ရရှိထားတဲ့ IV Cannula with Injection Valve With Wings, Size-20G (PLUSFLON Brand) ဟာ ဓာတ်ခွဲစစ်ဆေးမှု သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
IV Cannula ကို သုံးစွဲမိပါက လူနာတွေရဲ့ အပ်ထိုးတဲ့နေရာမှာ ပိုးဝင်နိုင်တာ (Cannula site infection)၊ သွေးပြန်ကြောရောင်ရမ်းတာ (Thrombophlebitis) တွေ ဖြစ်နိုင်ပါတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။
PLUSFLON ဆေးပစ္စည်းတင်သွင်းခွင့် ထောက်ခံချက်လက်မှတ်မူရင်း ၁ ခုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြန်လည်သိမ်းဆည်းပြီး ဖြစ်ပြီး အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကြေညာထားတဲ့ ဆေးပစ္စည်းတွေကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချပါက အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။