Home
မြန်မာသတင်း
စစ်ဘေးရှောင်များကို ကူညီမည့်သူများ အဖွဲ့အစည်းအမှတ်အသား ထင်ရှားစွာဖော်ပြရန် ကေအိုင်အို သတိပေး
DVB
·
May 7, 2018
31955950_10210866447209379_6017436029953245184_n
  တိုက်ပွဲဖြစ်နေတဲ့ ကချင်ဒေသတွေအတွင်း လူသားချင်းစာနာမှုအကူအညီပေးဖို့ သွားရောက်မယ့် အဖွဲ့အစည်းတွေအနေနဲ့ မိမိရဲ့ အဖွဲ့အစည်းအမှတ်အသားကို ထင်ရှားစွာ ဖော်ပြတပ်ဆင်ပြီး သွားလာကူညီဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က မေတ္တာ ရပ်ခံလိုက်ပါတယ်။ ကချင်ဒေသအတွင်း အစိုးရတပ်ရဲ့ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို မေတ္တာနဲ့ကူညီနေတဲ့ လူမှုရေးအသင်းအဖွဲ့၊ ဘာသာရေးအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကေအိုင်အိုအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ပိတ်ပင်တားဆီး၊ ဟန့်တားနှောင့်ယှက်တာတွေ မလုပ်ဘူးလို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024