ပြည်နယ်နှင့်တိုင်း ၁၂ ခုတွင် မိုးရွာနိုင်ဟု မိုးဇလ ထုတ်ပြန်
DVB
·
April 15, 2018
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေကလွဲရင် ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်နည်းနည်းရှိနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်ထူထပ်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့ ညနေကနေ မနက်ဖြန် မနက်အထိ ခန့်မှန်းချက်အနေနဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာနိုင်ခြေ ၈၀ ရာနှုန်းရှိတယ်လို့ ဆိုပါတယ်။
နောက် ၂ ရက်အထိမှာလည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။