တမူးမြို့က သက်ကြီးပူဇော်ပွဲ (ဓာတ်ပုံ)
DVB
·
April 14, 2018
တမူးခရိုင်၊ တမူးမြို့ မှာ စန္ဒကူးတွဲလက် ပရဟိတအသင်းက ဦးဆောင်ပြီး ပထမဆုံးအကြိမ် သက်ကြီးပူဇော်ပွဲကို သင်္ကြန်အကြို့နေမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် သက်ကြီးရွယ်အိုတွေကို ကန်တော့ကြပြီး ကန်တော့ခံဖြစ်တဲ့ မြို့မရပ်ကွက်နေ ဦးဉာဏ်ထွန်းက ကန်တော့ကြတဲ့ လူငယ်တွေကို ဆုတောင်းပေးခဲ့ပါတယ်။
တမူးခရိုင်အတွင်းက အသက် ၇၅ နှစ်အထက် ကန်တော့ခံသူ ၉၀ ကျော်ရှိပြီး မလာနိုင်တဲ့ အဘိုးအဘွားတွေကိုတော့ အိမ်တိုင်ရာရောက် သွားရောက်ကန်တော့မယ်လို့ သိရပါတယ်။
အဲဒီ သက်ကြီးပူဇော်ပွဲကို မနက် ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး လာရောက်တဲ့ ဘိုးဘွားတွေနဲ ဧည့်သည်တွေကို နို့ထမင်း ကော်ဖီမုန့်တွေနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။
စန္ဒကူးတွဲလက် ပရဟိတအသင်းကို သာသာပေါင်းစုံ လူငယ်တွေ စုပေါင်း ပြီး ၂၀၁၈ ခုနှစ် မတ်လက တည်ထောင်ခဲ့တာဖြစ်ပြီး နောင်နှစ်တွေမှာလည်း အခုလိုပူဇော်ပွဲတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ တာဝန်ခံ ကိုအောင်နိုင်က ပြောပါတယ်။
သတင်းဓာတ်ပုံ – Gaung Gaung