သပိတ်ကျင်း မြောက်-အရှေ့မြောက်ဘက်တွင် ငလျင်လှုပ်ခတ်
DVB
·
April 13, 2018
သပိတ်ကျင်းမြို့ မြောက်-အရှေ့မြောက်ဘက်ကို ဗဟိုပြုပြီး ငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီ ၅၄ မိနစ် ၂၃ စက္ကန့်အချိန်မှာ သပိတ်ကျင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၃၂ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၈ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။