Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတစီး မီးလောင် ၂၀ ဦး သေဆုံး
DVB
·
March 30, 2018
Car fire Me Sout 2
Car fire Me Sout 1
မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး  မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့အလွန် ကုန်းအဆင်းလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ မြန်မာအလုပ်သမား ၂၀ ဦးသေးဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါကားဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထွက်ခွာလာတဲ့ကားဖြစ်ပြီး အလုပ်သမား ၄၇ ဦးကို တင်ဆောင်လာကာ ဒီကနေ့ မနက် ၂ နာရီလောက်မှာ မီးလာင်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ AAC အလုပ်သမားအဖွဲ့က ကိုနေလင်းသူက ပြောပါတယ်။ “ဒီမနက် ၂ နာရီလောက်က ဖြစ်တာခင်ဗျ။  သူတို့က MOU လုပ်သားလို့ သိရှိရပါတယ်။ အခု သေဆုံးသူတွေက မိန်းကလေး ဘယ်နှယောက်၊ အမျိုးသားဘယ်နှယောက်လဲ ဆိုတာ စစ်လို့မရသေးဘူး။ နာမည်တွေ ဘာတွေက မသိရသေးဘူး။” ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့   မြန်မာအေဂျင်စီ Stars Pioneer ကုမ္ပဏီကနေတဆင့် ပို့ဆောင်လာတဲ့ အလုပ်သမား ၄၇ ဦး ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို တာ့ခရိုင်ဆေးရုံမှာ အရေးပေါ် ပို့ဆောင်ကုသပေးခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024