စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးပြန်စ (ဓာတ်ပုံ)
DVB
·
March 5, 2018
၁ လခွဲကျော်ကြာရပ်နားထားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို မတ်လ ၅ ရက်နေ့မှာ ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့အဖြစ် ပြန်လည်စတင်နေပြီဖြစ်ပါတယ်။
ဒီအစည်းအဝေးကို လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ၁၀၀ ဦးရှိတဲ့အထဲက ၉၁ ဦးတက်ရောက်ခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ ကြယ်ပွင့်ပြမေးခွန်း ၈ ခုကို မေးမြန်းသွားမှာဖြစ်ပြီး မေးခွန်းများမေးမြန်းခြင်း၊ ဖြေဆိုခြင်းအစီအစဉ်ပြီးဆုံးရင် လွှတ်တော် ပထမနေ့ကို ရပ်နားမှာဖြစ်ပါတယ်။