ထန်တလန်မြို့တွင် အင်အား ၃.၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
March 3, 2018
ချင်းပြည်နယ်၊ ထန်တလန်မြို့ရဲ့ ၂၆ မိုင်လောက်အကွာမှာ ဒီနေ့မနက်အစောပိုင်းက မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၂ နာရီ၊ ၃၆ မိနစ်၊ ၅၅ စက္ကန့်အချိန်မှာ ထန်တလန်မြို့၏ တောင်-အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာ၊ အနက် ၂၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။