Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲတော်တွင် အလှူတော်ငွေ ကျပ်သိန်း ၁၂,၇၉၂ ကျော်ရရှိ
DVB
·
March 2, 2018
Shwe Sat Taw
Shwe Sat Taw 2
Shwe Sat Taw 02
Shwe Sat Taw 002
Shwe Sat Taw 01
Shwe Sat Taw 001
လက်ရှိကျင်းပနေတဲ့ ၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်မှာ တင်ဒါလေလံ အရပ်ရပ်ကနေ အလှူတော်ငွေကျပ်သိန်း (၁၂,၇၉၂)ကျော် ရရှိခဲ့တယ်လို့ မန်းရွှေစက်တော်ဂေါပက အဖွဲ့ဝင် ဦးမြင့်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ ဘုရားပွဲတော်မှာ သန့်စင်ခန်း၊ ရေချမ်းစင်၊ ညောင်းထောက်၊ တည်းခိုဆောင်လုပ်ငန်းတွေ အပြင် ရေစီးဘောလေလံ၊ ဓာတ်ပုံလုပ်ငန်းလေလံ၊ ကားကွင်းနှစ်ကွင်း ရပ်နားခလေလံ၊ နမ္မဒါတည်းခိုဆောင် (၁) နဲ့ (၂) က လေလံတွေနဲ့ ငွေသောင်ယံ တည်းခိုဆောင်လေလံက ရရှိထားတဲ့ အလှူငွေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ရွှေဆိုင်း ရောင်းရငွေ၊ နဝကမ္မအလှူတော်ငွေ၊ စေတိယသန္တက အလှူတော်ငွေတွေနဲ့ တခြားအလှူတော်ငွေတွေတော့ မပါသေးဘူးလို့ ဂေါပကအဖွဲ့က ပြောပါတယ်။ မကွေးတိုင်း၊ မင်းဘူး၊ စကုမြို့နယ်မှာ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၁ ရက်မှ ဧပြီ ၂၀ ရက်အထိ ရက်ပေါင်း ၉၀ ကျော်ကြာ ကျင်းပနေတာဖြစ်ပါတယ်။ ဓာတ်ပုံ - ဇော်ဇော်အောင် (မင်းဘူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024