ပင်လည်ဘူးမြို့နယ်တွင် ဘိန်းမည်း ကျပ် သိန်း ၁၀၀ ကျော်ဖိုးဖမ်းမိ
DVB
·
February 23, 2018
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း မူးယစ်ဆေးဝါး ဘိန်းမဲတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပင်လည်ဘူးမြို့မ ရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။
ပင်လည်ဘူး မြို့မရဲစခန်းက ဒုရဲအုပ် လှိုင်ပေါ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ပင်လည်ဘူး - ကောလင်းသွားလမ်းပင်လည်ဘူးမြို့ အထွက်မှာ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေချိန် ဆိုင်ကယ်စီးနှင်းလာတဲ့ မသင်္ကာဖွယ် လူတဦးကို စစ်ဆေးရာက ပီနံအိတ်နဲ့ ထည့်ပြီးသယ်လာတဲ့ မူးယစ်ဆေးဝါး ဘိန်းမဲတွေကို ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး ဘိန်းမဲ ၁ ထုပ်ကို ၁ ပိဿာ ခန့်စီပါ ၂ ထုပ်၊ ၉ ကျပ်သားခန့်စီပါ ၁၃ ထုပ်၊ ၈၀ ကျပ်သားခန့်စီပါ ၁၅ ထုပ်၊ ၇၀ ကျပ်သားခန့်စီပါ ၄ ထုပ် ၄၆၅၃၈ ဒသမ ၆၇ ဂရန် ကာလတန်ဖိုး ငွေကျပ် (၁၃၉) သိန်းကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ဘူးမြို့မ ရဲစခန်းက မူးယစ်ဆေးဝါး ဘိန်းမဲတွေကို သယ်ဆောင်လာတဲ့ မြင့်အောင် ကို မူးယစ်ဆေဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၁၅/၁၉ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ် ။
သီဟဆွေ - ကသာ