အသစ်ခန့်မည့် မကွေးတိုင်းဝန်ကြီး ၂ ဦးကို လွှတ်တော်အမတ် ၁၇ ဦး ကန့်ကွက်
ဇော်ဖေ
·
February 16, 2018
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီး နှစ်နေရာအတွက် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းထားသူ နှစ်ဦးကို မကွေးတိုင်းဒေသကြီး လွှတ်တော်အရေး ပေါ်အစည်းဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ခဲ့ကြပါတယ်။
လက်ရှိ လစ်လပ်နေတဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးနေရာကို ဆည်မြောင်း ညွန်ကြားရေးမှူး ဦးအေးငွေကို ခန့်အပ်ဖို့နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးနေရာမှာ ပြည်နယ် အငြိမ်းစားပညာရေးမှူး ဦးအောင်ကျော်မိုးတို့ကို ခန့်အပ်ဖို့ လွှတ်တော်မှာ အမည်စာရင်းတင်သွင်းထားခဲ့တာပါ။
အဆိုပါ ၀န်ကြီးနှစ်နေရာအတွက်ခန့်အပ်ဖို့ တိုင်းလွှတ်တော်မှာ အမည်စာရင်း တင်သွင်းထားတဲ့ကိစ္စ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျင်းပတဲ့ ပဲခူးတိုင်းလွှတ်တော် ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ဖို့ သဘောထားပေးခဲ့ကြတာပါ။
ခုလိုကန့်ကွက်မှုတွေရှိနေတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီ အချိန်ယူ စစ်ဆေးနိုင်ဖို့ လွှတ်တော်အရေးပေါ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ဆက်လက်ကျင်းပ မယ်လို့ တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။
ဒုတိယအကြိမ်မြောက် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းဝေး ဒုတိယနေ့ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဆက်လက်ကျင်းပခဲ့ပါတယ်။