တာမွေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိ
DVB
·
February 15, 2018
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးအနီးရှိ ကမ္ဘောဇဘဏ်ခွဲကို လာရောက်အပ်နှံတဲ့ ငွေတွေထဲကနေ ကျပ်ငွေ ၁၀,၀၀၀ တန်နဲ့ ၅,၀၀၀ တန် ငွေစက္ကူအတုတွေ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်ကနေ ၃၁ ရက်နေ့ထိ ကမ္ဘောဇဘဏ်ခွဲမှာ လူပေါင်း ၃၂ ဦး လာရောက်အပ်နှံခဲ့တဲ့ ငွေတွေထဲက ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၂၇ ရွက်နဲ့ ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၈ ရွက် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီငွေစက္ကူအတုတွေကို ဘဏ်ခွဲမန်နေဂျာ ဒေါ်သဇင်သင်းက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တာမွေမြို့မရဲစခန်းကို လာရောက်အပ်နှံခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး