လူပေါင်း ၃၀၀၀ ကျော်ဖြင့် မြန်မာနိုင်ငံ ပုံဖော်၍ ဂင်းနစ်ကမ္ဘာ့စံချိန်တင်
ပိုင်စိုး
·
February 14, 2018
မကွေးတိုင်းဒေသကြီး မြို့တော် မကွေးမြို့မှာ လူဦးရေ ၃၀၀၀ ကျော်နဲ့ မြန်မာနိုင်ငံ ပုံဖော်ကာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီလို့ ဂင်းနစ်အဖွဲ့က ကြေညာပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က မကွေးမြို့ ခရိုင်အားကစားကွင်းထဲမှာ မြန်မာနိုင်ငံရဲ့ မြေပုံကို အပြာရောင် ဝတ်ဆင်ထားတဲ့ လူဦးရေ ၃၄၆၆ ယောက်နဲ့ ပုံဖော်ခဲ့တာဖြစ်ပြီး ပုံဖော်ချိန် ၂ နာရီ ကြာမြင့်ခဲ့ပါတယ်။
ဒါဟာ ကမ္ဘာမှာ လူတွေနဲ့ ပုံဖော်နိုင်တဲ့ အကြီးဆုံးမြေပုံပဲ ဖြစ်တယ်လို့ ဂင်းနစ်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
တယ်လီနောမြန်မာက ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒီပွဲကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလည်း တက်ရောက် အမှာစကားပြောခဲ့ပါတယ်။