Homeမြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
DVB
·
February 14, 2018
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် စွန်းဂေါ်ရှန်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-II)မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းကတော့ တရုတ်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဆက်လက်အကူအညီပေးသွားမယ့် ကိစ္စရပ်တွေနဲ့စပ်လျဉ်းပြီး ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် စွန်းဂေါ်ရှန်းဟာ ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူတပ်ဖွဲ့တို့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးတဲ့ပွဲမှာ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့သလို ဒီမတိုင်ခင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံ - MOI