Home
မြန်မာသတင်း
ဆော်ဒီအာရေဗျနိုင်ငံက မြန်မာနိုင်ငံမှ ငါးဝယ်ယူမှု ယာယီရပ်ဆိုင်း
အာကာ
·
February 13, 2018
Myanmar Fishing Head Office
ငါးတွေ ဝယ်ယူတင်သွင်းနေတဲ့ အရှေ့အလယ်ပိုင်းဈေးကွက်ထဲက ဆော်ဒီအာရေဗျနိုင်ငံဟာ မြန်မာ အပါအဝင် နိုင်ငံ ၃ နိုင်ငံကနေ ငါးဝယ်ယူတင်သွင်းမှု ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ကျန်းမာရေးနဲ့ သန့်ရှင်းမှုဆိုင်ရာ စံချိန်စံညွှန်း အကြောင်းပြပြီး မတ်လကတည်းက ရပ်ဆိုင်းလိုက်တာလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောပါတယ်။ “ဒီဖြစ်စဉ် စတင် အကြောင်းပြုတာက ဗီယက်နမ်ကပါ။ ဗီယက်နမ်က စက်ရုံတွေကို ဆော်ဒီက သွားစစ်ပြီး သူတို့ သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ ရပ်ဆိုင်းလိုက်တယ်။ တဆက်တည်း သူတို့နိုင်ငံကို တင်သွင်းနေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကိုပါ ပိတ်လိုက်တယ်။ ယာယီပါ။ သူတို့ စစ်ဆေးပြီးလို့ လက်ခံနိုင်တဲ့ အခြေအနေဆိုရင် ပြန်ခွင့်ပြုမယ်လို့ ယူဆပါတယ်”လို့ ဒီနေ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဦးဝင်းကြိုင်ကပြောပါတယ်။ အရှေ့အလယ်ပိုင်းဈေးကွက်ကို မြန်မာ့ ငါးမြစ်ချင်း အဓိကတင်ပို့နေပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက်ထိ ရရှိနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024