Homeသတင်းဓာတ်ပုံ
တိုက်ကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မြင်းစီးကြေးရုပ် ဖွင့်လှစ် (ဓာတ်ပုံ)
တိုက်ကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မြင်းစီးကြေးရုပ် ဖွင့်လှစ် (ဓာတ်ပုံ)
ကျော်သက်မင်း
·
February 13, 2018
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မြင်းစီးကြေးရုပ်ဖွင့်ပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ကျင်းပပါတယ်။
အခု တိုက်ကြီးမြို့မှာ ဖွင့်လှစ်လိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတူ မြင်းစီးကြေးရုပ်တုကြီးဟာ မကွေးမြို့က ကြေးရုပ်ကြီးပြီးရင် မြန်မာပြည်မှာ ဒုတိယအကြီးဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားကို တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဝင်တွေ၊ မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေ အင်အား ၁၀၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့မနက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၁၀၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်လည်း တိုက်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေသခံတွေကို ပဲပြုတ်နဲ့ နံပြား ကျွေးမွေးခဲ့ကြပါတယ်။