တာချီလိတ်တွင် အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
February 4, 2018
တာချီလိတ်မြို့ အနောက်မြောက်ဘက် ၂၈ မိုင်လောက်အကွာကို ဗဟိုပြုပြီး မနေ့ည ၁၀ နာရီလောက်က မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ မြန်မာစံတော်ချိန် ၂၁ နာရီ ၅၉ မိနစ် ၁၁ စက္ကန့်မှာ တာချီလိတ်မြို့ရဲ့ အနောက်မြောက်ဘက် ၂၈ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ ၅၀ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။