ထိုင်းတွင် အလုပ်လုပ်ရမည်ဟု တောင်သူများထံမှ ငွေလိမ်သွားသူကို အမှုဖွင့်
DVB
·
December 31, 2017
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာမှာ အောက်တိုဘာလက ပြည်ပအလုပ်အကိုင်ရမည်ဆိုပြီး တောင်သူ ၁၄ ဦးဆီက ငွေလိမ်လည်တောင်းယူသူကို အရေးယူပေးဖို့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
မင်းဘူး/စကုမြို့နယ် သီးကုန်းကျေးရွာက လှဆန်းဆိုသူဟာ စစ္စနို့ကျေးရွာရှိ တောင်သူ ၁၄ ဦးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သစ်သီးစက်ရုံ ကုမ္ပဏီမှာ အလုပ်လုပ်ပါက ၁ လကို ၅ သိန်းလောက် ရမယ်လို့ ပြောဆိုကာ တဦးကို ငွေ ၃ သိန်းခွဲ တောင်းခံခဲ့ပြီးနောက် ရန်ကုန်ကို ခေါ်ဆောင်လာခဲ့တယ်လို့ ငွေအလိမ်ခံခဲ့ရာမှာ ပါဝင်တဲ့ ဦးခင်မောင်မျိုးက ပြောပါတယ်။
ရန်ကုန်ရောက်ပြီး ငွေ ၃ သိန်းခွဲ ထပ်တောင်းကာ မြ၀တီမြို့ကို ခေါ်လာပြီး အိမ်တအိမ်မှာ ၁ လလောက် နေထိုင်စေခဲ့ပြီးနောက် တိမ်းရှောင်သွားခဲ့လို့ လှစန်းကို အရေးယူပေးဖို့ မင်းလှမြို့မ ရဲစခန်းကို တိုင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
မင်းလှမြို့မရဲစခန်းက လှစန်းကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ-၂၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း-မင်ထီး