မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြားတွင် ကုန်ရထားတစီး တိမ်းမှောက်
DVB
·
December 22, 2017
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းပေါ်ရှိ မိုးကောင်းဘူတာနဲ့ နမ္မတီးဘူတာအကြားမှာ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက ကုန်ရထားတစ်စီး ဘီးချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မိုးကောင်းဘူတာ ရုံပိုင်လေး ဦးစံထွန်းသိန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ မန္တလေးကနေ မြစ်ကြီးနားကို စက်ခေါင်းမောင်း ဦးခင်မောင်ကြည်နဲ့ ဦးကျော်မြင့်တို့ မောင်းနှင်လာတဲ့ မန္တလေး- မြစ်ကြီးနား အမှတ် ၉၃၃ အဆန် ရထားဟာ မိုးကောင်းဘူတာရဲ့ မြောက်ဘက် ၃ မိုင်လောက်အကွာ မီးရထားမိုင်တိုင်အမှတ် (၆၈၉/၆ နဲ့ ၆၈၉/၉)ကြားမှာ ကုန်တင်တွဲ ၃ တွဲ ဘီးချော်တိမ်းမှောက်ခဲ့ပြီး ၂ တွဲမှာ ဘီးချော်တိမ်းစောင်းမှု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
မီးရထားဘီးချော်တိမ်းမှောက်မှုကြောင့် မီးရထားသံလမ်းဆက် ၄ ဆက်လောက် ပျက်စီးသွားပြီး ပြုပြင်ပြီးစီးမယ့်အချိန်ကို မခန့်မှန်းနိုင်သေးဘူးလို့ ဦးစံထွန်းသိန်းက ပြောပါတယ်။
ကိုကိုလင်း(အင်းတော်)