Home
မြန်မာသတင်း
အင်းတော်တွင် ဘိန်းမဲ သယ်ဆောင်လာသူ ၂ ဦး ဖမ်းမိ
DVB
·
November 23, 2017
wy2
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်နဘားလမ်းဆုံမှာ ဒီနေ့မနက်ပိုင်းက မူးယစ်ဆေးဝါး ကျပ် သိန်း ၁၀၀ ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ ရဲအုပ်ကျော်မင်းထွန်း ကပြောပါတယ်။ မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်း ဦးစီးတဲ့တပ်ဖွဲ့ဝင်တွေ၊ သက်သေ နဘားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါး သတင်းအရ အင်းတော်-မိုးညှင်းသွားကားလမ်း မိုင်တိုင်အမှတ်-၂၃၄ အနီးမှာ စေစာင့်ဆိုင်းနေချိန် အင်းတော်ဘက်က ကျော်နိုင်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ “ကျော်နိုင်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ထဲက ဘိန်းမဲ (၂ ဒသမ ၄၄၉) ကီလို နဲ့ သန်းဇော်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ထဲက ဘိန်းမဲ (၂ ဒသမ ၁၄၃) ကီလို စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း (၁၃၇၇၆၀၀၀) လောက် ရှိတယ်” လို့ မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်း ကပြောပါတယ်။ အင်းတော်မြို့မရဲစခန်းက ကျော်နိုင်ဦး နဲ့ သန်းဇော်ဦး တို့ကို မူးယစ်ဥပဒေပုဒ်မနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024