ကားလမ်းဘေး တဲအိမ်ဆောက်၍ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူများအား အရေးယူ
DVB
·
November 23, 2017
မကွေးတိုင်းဒေသကြီး၊ မင်းဘူး-ပဒါန်းကားလမ်း မိုင်တိုင်အမှတ် ၂၉ အနီး ကားလမ်းမကြီးဘေးမှာ တဲအိမ်တွေဆောက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတွေကို နိုဝင်ဘာ ၂ ရက်က ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးဝင်းဇော်နဲ့အဖွဲ့ စကုနယ်မြေစခန်းက ရဲတပ်ကြပ် သန်းလင်းထိုက် အမျိုးသမီး ရဲတပ်ဖွဲ့ဝင် ရဲတပ်သား ငြိမ်းချမ်းမေ၊ ရဲတပ်သား သဲသဲဦး တို့ ပူးပေါင်း ပါဝင်တဲ့အဖွဲ့ဟာ မင်းဘူး-ပဒါန်းကားလမ်း မိုင်တိုင်အမှတ်-၂၉ အနီး ကားလမ်းမကြီးဘေးမှာ တဲအိမ်တွေဆောက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပြည့်တန်ဆာလုပ်ငန်းမှ ရရှိသောငွေကြေးနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ ထွန်းမောင်မောင်ကျော် နဲ့ ထွန်းထွန်းနိုင် တို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ရဲအုပ် မျိုးဝင်းဇော်က ပြောပါတယ်။
စကုနယ်မြေရဲစခန်းက ထွန်းမောင်မောင်ကျော်နဲ့ ထွန်းထွန်းနိုင် တို့ကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၅(၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး