Home
မြန်မာသတင်း
ထူးခြားဆန်းပြား မြန်မာ့ဆိုင်းဝိုင်းဝတ်စုံဖြင့် မယ်စကြာဝဠာ ပြိုင်ပွဲဝင်မည့် ဇွန်သံစဉ်
DVB
·
November 8, 2017
Zun Thanzin02-missuniversemyanmar
အမေရိကန်နိုင်ငံ၊ လာ့စ်ဗီးဂက်စ်မြို့မှာ လာမယ့် နိုဝင်ဘာ ၂၆ ရက်နေ့ ကျင်းပမယ့် ၆၆ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာအလှမယ် ဇွန်သံစဉ်က ထူးခြားဆန်းပြားတဲ့ မြန်မာ့ဆိုင်းဝိုင်းဝတ်စုံနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဆိုင်းဝိုင်းကြီးမှာ ဆိုင်းတီးပုံနဲ့ သရုပ်ဖော်ပြသပေးမယ့် အလှမယ်ရဲ့ ဒီဝတ်စုံကို ကုန်းဘောင်ခေတ် မင်းသမီးတွေရဲ့ဝတ်စုံပုံစံ မှီငြမ်းကာ ဒီဇိုင်နာ သဇင်ခင်က ဖန်တီးထားတာလို့ ဆိုပါတယ်။ ဒီဝတ်စုံရဲ့ အဆင်တန်ဆာတွေကို မြန်မာ့လက်မှုရွှေခြည်ထိုးနဲ့ ပြုလုပ်ကာ ရွှေသားစစ်စစ်တွေနဲ့လည်း ထည့်သွင်းအလှဆင်ထားပြီး ငွေကျပ်သိန်း ၁၀၀ ကျော် ကုန်ကျခံထားတယ်လို့ ဆိုပါတယ်။ အမျိုးသားဝတ်စုံအဖြစ် ပုံဖော်ထားမှုမှာတော့ မြန်မာ့ဆိုင်းဝိုင်းကြီးရဲ့ ရှေ့တည့်တည့်ကနေ မြင်ရမယ့် ပုံသဏ္ဌာန်နဲ့ တင်ဆက်သွားမှာဖြစ်ပြီး ပတ်ဝိုင်းကြီးပုံကို ပုဝါနဲ့သိုင်းကာ အလှမယ်က လက်နဲ့ဆွဲယူ သယ်ဆောင်လာမှာဖြစ်ပြီး နောက်မှာ ခေါက်ယူလာတဲ့ ကြေးဝိုင်း၊ ပတ်မဝိုင်းနဲ့ ပဉ္စရူပတွေကို ချပြမှာဖြစ်တယ်လို့ Miss Universe Myanmar ရဲ့ တရားဝင် အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ အလှမယ် ဇွန်သံစဉ်ဟာ နိုဝင်ဘာ ၉ ရက် ညပိုင်းမှာ ရန်ကုန်မြို့ကနေ အမေရိကန်နိုင်ငံဆီ ထွက်ခွာမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ မယ်စကြာဝဠာပြိုင်ပွဲမှာတော့ မြန်မာအလှမယ် ထက်ထက်ထွန်းက ရုပ်သေးစင်ပေါ်မှ ရုပ်သေးအက၊ အလှတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး အမျိုးသားဝတ်စုံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024