တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပဒေသာလှည့်လည်ယှဉ်ပြိုင်ပွဲ ကျင်းပ
DVB
·
November 4, 2017
ရှမ်းပြည်နယ် မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့တန်ဆောင်တိုင် ပွဲတော် မြို့လုံးကျွတ် မီးပဒေသာလှည့်လည်ယှဉ်ပြိုင်ပွဲတော်ကို နိုဝင်ဘာ ၃ ရက်နေ့ တန်ဆောင်မုန်းလပြည့် ညမှာ ကျင်းပခဲ့ပါတယ်။
တောင်ကြီး တန်ဆောင်တိုင် ပွဲတော် မီးပဒေသာလှည့်လည်ပွဲကို တောင်ကြီး မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်နဲ့ အေးသာယာမြို့တို့ကတက်ရောက် ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
မီးပဒေသာလှည့်လည်ပြိုင်ပွဲမှာ ရပ်ကွက်လေးခုကို တအုပ်စုနဲ့ ပူးပေါင်းယှဉ်ပြိုင် ကြတာဖြစ်ပြီး ဆုရတဲ့အဖွဲ့အုပ်စုကို နိုဝင်ဘာ ညနေ တန်ဆောင်တိုင် ပိတ်ပွဲမှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
မီးပဒေသာကို ညနေ ၆ နာရီ အချိန်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတလျောက် လှည့်လည်ယှဉ်ပြိုင်ကြတာဖြစ်ပြီး စူဌာမုနိ ဘုရားကိုပူဇော်ကြတာဖြစ်ပါတယ်။
တောင်ကြီး တန်ဆောင်တိုင် ပွဲတော်မှာ မီးပဒေသာအပြင် အခြားယှဉ်ပြိုင်မှုမျိုးစုံနဲ့ မြန်မာနိုင်ငံမှာ အစည်ကားဆုံးပွဲတော်ဖြင့် ကျော်ကြားခဲ့ကြောင်းသိရပါတယ်။
ခွန်ရာဇာ