ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်မရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေး
DVB
·
October 23, 2017
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPNတို့ ဒီကနေ့ မနက် ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာ ဒီကနေ့ ကျင်းပနေတဲ့ (၇)ကြိမ်မြောက်ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးခင်ဇော်ဦးတို့က ဦးဆောင်ဆွေးနွေးပြီး (UNFC) ဖက်ကတော့ ခူးဦးရယ်က ဦးဆောင်ဆွေးနွေးပါတယ်။
ဒီနေ့ဆွေးနွေးပွဲဟာ UNFC အတွက် လာမယ့် ၂၁ ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမတိုင်ခင် NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အရေးကြီးတဲ့ဆွေးနွေးပွဲဖြစ်ပြီး အဆိုပြုထားတဲ့ သဘောတူညီချက်(၈)ချက်နဲ့ပတ်သက်လို့ ညှိနှိုင်းအဆင်ပြေမယ်ဆိုရင်တော့ UNFC အနေနဲ့ NCA ကိုလက်မှတ်ရေးထိုးနိုင်ဖွယ် ရှိပါတယ်။
အစိုးရအနေနဲ့ လာမယ့် ဒီဇင်ဘာလကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမတိုင်ခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထပ်တိုးလာဖို့ မျှော်လင့်နေတာပါ။