Home
မြန်မာသတင်း
ဝမ်းတွင်းတွင် အမျိုးသားတဦး ရေနစ်ပျောက်ဆုံး
DVB
·
October 21, 2017
water
lover
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကုန်းကြီးရွာနှင့်ရန်ကုန်-မန္တလေးလမ်ဟောင်း ပေါ်က ရွှေတောင်ရွာအကြားမှာရှိနေတဲ့ သင်ပုန်းချောင်းအတွင်း အောက်တိုဘာ ၂၀ ညနေပိုင်းက အမျိုးသားတဦး ရေစီးထဲမျောပါသွားတာ အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ မိုးရွာတာများလို့ သင်ပုန်းဆည်က ရေမထိန်းတော့ဘဲ ရေပိုလွှဲကတဆင့် သင်ပုန်ချောင်း ထဲ ရေလွှတ်ထားပါတယ်။ ကုန်းကြီးရွာဘက်က ခရီးသွားတွေက သင်ပုန်းချောင်းတွင်းဖြတ်ကူးတဲ့အခါ စိုင်းမြတ်သူ (ခ) တက်ပုနဲ့ ကိုမောင်ဝင်း တို့ သူငယ်ချင်းနှစ်ယောက်က အထုပ်အပိုးတွေကို တဖက်ကမ်း လိုက်ပို့ပေးပြီး ခရီးသွားတွေက စေတနာရှိသလောက် ပေးတာကို ရကြပါတယ်။ အောက်တိုဘာ ၂၀ ရက်က ကုန်းကြီးရွာနေ စိုင်းမြတ်သူ(ခ) တက်ပုဟာ ရေစီးသန်တဲ့ သင်ပုန်ချောင်းရေထဲမျောပါသွားလို့ လိုက်ရှာနေရာ ဒီနေ့ထိ ရှာလို့ မတွေ့သေးတာဖြစ်ပါတယ်။ ရွှေတောင်ရွာ ရဲစခန်းမှူးရဲအုပ်ကျော်နိုင်စိုးက “ချောင်းရေလာတာ တပတ်လောက် ရှိပြီဆိုတော့ ရေထိတဲ့ဒဏ်ခံနိုင်အောင် အရက်သောက်ကြတယ်။ အရက်ကမူး ရေစီးသန်တော့ သတိလွတ်တဲ့အချိန် ရေထဲပါသွားတာပါပဲ။ လိုက်ရှာနေတာမတွေ့သေးဘူးလို့"ပြောပါတယ်။ သင်ပုန်ချောင်းဟာ အကျယ် ပေ ၂၀၀ လောက်ရှိပြီး ရေအနက်ဆုံးနေရာ ၅ ပေကျော်ကာ အတိမ်ဆုံးနေရာ ၃ ပေခွဲလောက်ရှိနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024