မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ ၃ ဦးကို ဖမ်းဆီး
DVB
·
October 21, 2017
စူငယ်ဘာလိုင်ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းက ဘိန်းစာမှုန့်တွေ ဖမ်းဆီးရမိတယ်လို့ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ် နင်းရေးဌာနစိပ်မှ ရဲအုပ်အောင်ဇော်မင်းထွန်းနဲ့ အဖွဲ့ဟာ ကော့သောင်းမြို့နယ် စူငယ်ဘာ လှိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာနေ သားကြီး(ခ)ဇင်မင်းထိုက်ဟာ မူးယစ်ဆေးဝါးတွေ လိုက်လံ ရောင်ချနေတယ်လို့ သတင်းအရ သက်သေတွေနဲ့အတူ သွားရောက်ရှာဖွေရာ သားကြီး(ခ)ဇင်မင်းထိုက်မှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ပြီး သူ့လှေထဲမှာ ရေခဲပုံး၊ ဆာလာအိတ်တွေနဲ့ ဖုံးအုပ်ထားတဲ့ တထုပ်ကို ၉၀ ဂရမ်ပါ ဘိန်းစာမှုန့်ထုပ် ၂၁၈ ထုပ်ကို သိမ်းဆည်းရမိခဲ့တာပါ။
ဆက်လက်ပြီး မူးယစ်ဆေးဝါး သတင်းအရ မဌေးယုနေအိမ်ကို နဲ့ မဝါ(ခ)မခိုင်ဝါဝါဖြူ တို့ရဲ့နေအိမ်ကို ၀င်ရောက်စစ်ဆေးရာ မဌေးယုနေအိမ်မှ အလေးချိန် ၉၀ ဂရမ်ပါ ဘိန်းစာမှုန့် ၁၀ ထုပ်၊ wy ဆေးပြား ၈ ပြား နဲ့ မဝါရဲ့ နေအိမ်မှ အလေးချိန် ၉၀ ဂရမ်ပါ ဘိန်းစာမှုန့်ထုပ် ၂၂၁ ထုပ်၊ ဆေးရှူ ကရိယာ ၂ ခုနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရ မိခဲ့ပြီး မူးယစ်ဆေးဝါးတွေကို သားကြီး(ခ) ဇင်မင်းထိုက်ဆီက ၀ယ်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို့ ရဲတပ်ဖွဲ့စခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ သားကြီး(ခ) ဇင်မင်းထိုက်၊ မဌေးယုနဲ့ မ၀ါ(ခ) မခိုင်ဝါ၀ါဖြူ တို့ကို မူးယစ်ဥပဒေ ပုဒ်မ အသီးသီးနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
လတ်ကိုကိုဦး