မုဒုံတွင် သံဃာတပါး ရေနစ်၍ ပျံလွန်တော်မူ
DVB
·
September 25, 2017
မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ကန်ကြီးရေကန်မှာ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီက သံဃာတော်တပါး ရေနစ်ပြီး ပျံလွန်တော်မူခဲ့တယ်လို့ မုဒုံမြို့မရဲစခန်းက သိရပါတယ်။
သံဃာတော်မှာ မုဒုံမြို့၊ ကန်ကြီးပတ်လမ်း၊ အမှတ် ၄ ရပ်ကွက်ရှိ အောင်အေးကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ သက်တော် ၆၇ နှစ်၊ ၀ါတော်(၅) ၀ါ ရှိ အရှင်ဥုးကုသလ ဖြစ်တယ်လို့ သိရပါတယ်။
မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထင်ကျော်က “သံဃာက အရင်တုန်းက လေဖြတ်ဖူးတယ်။ တီဘီ ရောဂါလည်းရှိတယ်။ ကျန်းမာရေးမကောင်းဘူး။ လတ်တလောက သေမှုသေခင်းကို သွေးရိုးသားရိုးသေတာ ဟုတ်မဟုတ် စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
သံဃာတော်ဟာ မုဒုံကန်ကြီးရဲ့ ရေစိမ်အောက်မှာ ရေချိုးရာက ရေစိမ်တိုင်အောက်ခြေကို ကိုင်လျက် ပျံလွန်တော်မူနေတာဖြစ်ပြီး သမားရိုးကျပျံလွန်တော်မူတာ ဟုတ်၊မဟုတ် မုဒုံပြည်သူ့ဆေးရုံမှာ စစ်ဆေးနေကြောင်း မြို့မရဲစခန်း တာဝန်ရှိသူတဦးက ဆိုပါတယ်။
သတင်း-အာကာမင်း
ဓာတ်ပုံ-Alin Yaung