ရေးမြို့ ငါးဖမ်းစက်လှေပေါ်တွင် လူသတ်မှု ဖြစ်ပွား
DVB
·
September 23, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကပ္ပလီပင်လယ်ပြင်၊ ဝါးကျွန်း အနောက်မြောက်ဘက် ရေမိုင် ၄၀ လောက်မှာ စက်တင်ဘာ ၂၁ ရက် ည ၁၁ နာရီက စိန်ပိုက်ငါးဖမ်းစက်လှေမှာ လူသတ် မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
စက်လှေပေါ်မှ ဒုတိယပဲ့နင်း မင်းမင်းက ရေလုပ်သား ဇော်ကြီး (ခ) မိုးစန်းနဲ့ အဲသာဝ တို့ ၂ ဦးကို ဆဲဆို ကြိမ်းမောင်းရိုက်နှက်တာကို မကျေနပ်လို့ ဇော်ကြီးနဲ့ အဲသာဝ တို့က စက်ခန်းမှာ အသင့်ရှိတဲ့ ငါးခွဲဓားမနဲ့ ခုတ်ခဲ့ရာ မင်းမင်းမှာ ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ အမှုစစ်ရဲအရာရှိက ပြောပါတယ်။
ဇော်ကြီးနဲ့ အဲသာဝတို့ ၂ ဦးမှာ ငါးဖမ်း စက်လှေမောင်းပြေးခဲ့ပေမယ့် ရေလုပ်သား ရဲကျော်က ငါးဖမ်းစက်လှေပိုင်ရှင် ဒေါ်မြင့်မြင့်မော် ဆီကို စက်တင်ဘာ ၂၂ ရက် မနက် ၈ နာရီက ဆက်သွယ်အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရဲစခန်းတွေနဲ့ ချိတ်ဆက်ရာ စက်စဲရဲစခန်းမှာ လှေတစ်စီးနဲ့အတူ လှေသားတွေကို မသင်္ကာလို့ ဖမ်းဆီးခဲ့တယ်လို့ မြို့မရဲစခန်းထံက သိရပါတယ်။
ရေးမြို့မရဲစခန်းက ဇော်ကြီးနဲ့ အဲသာဝတို့ ၂ ဦး ကို ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
နေမျိုးထွဋ်(ရေး)