မူးယစ်ဆေးစွဲနေသူတဦးက အိမ်နီးချင်းများအား ဓားဖြင့်ခုတ်
DVB
·
September 21, 2017
မိုးညှင်းမြို့မှာ အောက်တိုဘာ ၂၀ ရက် ည ၁၀ နာရီလောက်က မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူတဦးက ငွေချေးတာမရတာကြောင့် အိမ်နီးချင်းမိသားစုကို ဓားနဲ့ဝင်ခုတ်လို့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ မိုးညှင်းမြို့အောင်သပြေ(၃)ရပ်ကွက်၊ အိမ်အမှတ် ၁၀၀ မှာနေထိုင်တဲ့ မိသားစုကို ကျောက်ဟူး(ခ)ကျူးတီကဓားနဲ့ လိုက်ခုတ်လို့ အိမ်အမှတ် ၁၀၀ မှာနေထိုင်တဲ့ ဒေါ်ကျိန်ဆံ ၇၈ နှစ် ဟာ နဖူးထိပ် ပြတ်ရှဒဏ်ရာတစ်ခု၊ ဦးခေါင်းထိပ်ပြတ်ရှ ဒဏ်ရာတခုနဲ့လက်ချောင်းတွေ ပြတ်ရှဒဏ်ရာတွေ ရရှိပြီး အတွင်းလူနာ (စိုးရိမ်ရ) နဲ့ ဒေါ်ကျိန်ဆံရဲ့ သမီးဖြစ်သူမခိုင်(ခ)တွမ်ဝေရှု ၅၅ နှစ်မှာ ညာဘက်ကျောကုန်း ပြတ်ရှဒဏ်ရာ ရရှိပြီး စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
“သူကဆေးသုံးစရာမရှိလို့ ငွေသွားချေးတာ၊ မရှိဘူးပြောလို့ ဓားနဲ့ခုတ်တာ၊ သူ့သမီးက အော်တော့ ဓားနဲ့လိုက်ခုတ်ပြီး ထွက်ပြေးသွားတာ” လို့ တရပ်ကွက်တည်းနေ မသီတာက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူကို မမိသေးပေမယ့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၅၂/၃၂၆ နဲ့ အမှုဖွင့်ပြီး အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။