အင်းတော်တွင် ၆ ဘီးယာဉ်တစီးနှင့်အတူ နွား ၅ ကောင်ဖမ်းမိ
DVB
·
September 9, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ သံဘိုကျေးရွာအနီး ဒီနေ့မနက် ၉ နာရီခွဲလောက်က ၆ ဘီးယာဉ်တစ်စီးနဲ့အတူ နွား ၅ ကောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောပါတယ်။
ဖြစ်စဉ်မှာ အင်းတော်မြို့နယ် မဲဇာနယ်မြေရဲကင်းမှူး ရဲအုပ်စိုးလှိုင်နဲ့အဖွဲ့ဟာ ရဲကင်းမှူး တာဝန်ဆောင်ရွက်နေချိန် ရွှေဘို-မြစ်ကြီးနား ကားလမ်း သံဘိုရွာ မြောက်ဘက် လယ်တောသွားလှည်းလမ်းမှာ မသင်္ကာစရာ ယာဉ်တစီးရပ်တန့်ထားကြောင်း သတင်းပေးချက်အရ သက်သေတွေနဲ့ စစ်ဆေးရာ ၆ ဘီးယာဉ်နားမှာ နွား ၅ ကောင်ကို မျိုးမင်းဇော်(ခ)မိုးဇော်၊ ဇင်ကိုဦး၊ ဝင်းသိန်း၊ နီနီအောင်(ခ)နေအောင်တို့နဲ့အတူ တွေ့ရှိရှိ အထောက်အထား တစုံတရာ ပြသနိုင်ခြင်း မရှိလို့ ဖမ်းဆီး အရေးယူတာလို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောပါတယ်။
အင်းတော်မြို့မရဲစခန်းက အထောက်အထားတစုံတရာမပါရှိဘဲ နွားသယ်ဆောင်လာသူ မျိုးမင်းဇော်(ခ) ဖိုးဇော်၊ ဇင်ကိုဦး၊ ဝင်းသိန်းနဲ့ နီနီအောင်(ခ)နေအာင် တို့ကို အရေးကြီးကုန်စည်ဥပဒေပုဒ်မ-၅ နဲ့ အရေးယူဆောင်ရွက် ထားတယ်လို့ သိရပါတယ်။