တောင်ကြီးတွင် မီးပုံးပျံလုပ်ရာမှ နေအိမ်မီးလောင်၊ ၂ ဦး ဒဏ်ရာရ
DVB
·
September 3, 2017
တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်မှာ စက်တင်ဘာ ၂ ရက်နေ့က မီးပုံးပျံ ပြုလုပ်ရာကနေ ယမ်းစ မီးလောင်ပြီး နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကန်အောက်ရပ် မှာနေတဲ့ ဦးမောင်မောင် နေအိမ်မှာ မီးပုံးပျံပြုလုပ်တဲ့ ကြိုးကို ကတ်ကြေးနဲ့ ဖြတ်ရာကနေ ယမ်းစကိုမီးကူး သွားပြီး မီးလောင်မှု ဖြစ်ကာ ၂ ဦး ဒဏ်ရာရရှိပါတယ်။
“ကျူးလွန်သူကိုတော့ အမှုဖွင့်ထားတယ်။ အိမ်အတွင်းပစ္စည်း အကုန်လောင်တယ်။ မီးဝိုင်းသတ်ပေးတဲ့ သူနှစ်ဦး ယမ်းစကြောင့် ဒဏ်ရာအနည်းကျဉ်းရတယ်” လို့ တောင်ကြီး မြို့ မရဲစခန်းမှူး ဦးမျိုးဦးက ပြောပါတယ်။
ခြေထောက်ဒဏ်ရာရရှိတဲ့သူ နှစ်ယောက်ကို စစ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
အိမ်ရှင် ဦးမောင်မောင်ကို မီးပေါ့ဆမှု ရာဇာသတ်ကြီးပုဒ်မ၂၈၆ နဲ့ အမှုဖွင့်ထားပါတယ်။ အခုအချိန်ဟာ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ဝင်ပြိုင်မယ့် မီးပုံးပျံအတွက် ကြိုတင်ပြင်ဆင်ရတာဖြစ်ကာ နှစ်စဉ် မီးလောင်မှုဖြစ်ပွားလေ့ရှိပြီး ဒီနှစ်မှာ ပထမဆုံးအကြိမ်လောင်ကျွမ်းတာ ဖြစ်ပါတယ်။