Home
မြန်မာသတင်း
နာဂဒေသနှင့် ရေဘေးသင့်ပြည်သူများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်၊ ဆီလှူဒါန်း
Aung Ko Latt
·
September 1, 2017
Daw Khin Kyi foundation Donation - Aung Ko Latt
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံမှုကြောင့် ဒုက္ခရောက်နေတဲ့ ဒေသတွေနဲ့ ရိက္ခာပြတ်လပ်နေတဲ့ နာဂဒေသက ပြည်သူတွေအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဆန်နဲ့ဆီတွေ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို သြဂုတ် ၃၁ ရက်မှာ တိုက်ရိုက်လှူဒါန်းခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူတွေနဲ့ ရိက္ခာပြတ်လပ်နေတဲ့ နာဂဒေသက ပြည်သူတွေအတွက် ကျပ် ၈၁၄၀၀၀၀ တန်ဖိုးရှိတဲ့ ၂၄ ပြည်ဝင် ဆန်အိတ် ၃၀၀ အိတ်၊ ၁ လီတာဝင် ဆီဘူး ၅၀၀ တို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လာရောက် လှူဒါန်းခဲ့တာပါ။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးကာစီရန်းက "ကျနော်တို့ နာဂဒေသမှာတော့ ရိက္ခာပြတ်လပ်မှုက နှစ်တိုင်းလို ကြုံနေရတာ။ မနှစ်က စပါးခင်းတွေမှာ စပါးဖျက်ပိုးတွေကျလို့ စပါးမရကြတာရော၊ စစ်ပွဲတွေကြောင့် မြစ်ကြီးနားဘက်က လမ်းတွေ ပိတ်တာရောကြောင့် ရိက္ခာပြတ်ရတာ။ ဒေသထွက်စပါးက ဒေသခံလူထုအတွက် မလုံလောက်ဘူး။ ခုဆိုလည်း ဆန် ၁ အိတ်ကို ၅ သောင်းဈေးရှိတယ်။ ဈေးသာရှိတာ ရောင်းတဲ့သူမရှိဘူး။ လက်ရှိအနေအထားအရတော့ အချင်းချင်း လည်သလို ချေးငှားစားနေရတာ။ တချို့ကလည်း ပီလောပီနံဥ၊ ပြောင်းဖူး၊ ပိန်းဥ၊ မျောက်ဥ၊ လူး၊ ဆပ်၊ မျှစ်၊ ဒေသအခေါ် ခွေးမြီးခေါ်တဲ့ ဆန်အသေးလေးတွေ၊ တောထဲကရှာရတဲ့ အသီးအဖုတွေကိုပဲ စားနေကြရပေါ့” လို့ ပြောပါတယ်။ လမ်းကြောတွေက အကုန်ပိတ်နေပြီး နန်းယွန်း၊ လဟယ်ဒေသမှာ ဦးစီးအဖွဲ့အနေနဲ့လည်း ရန်ပုံငွေမရှိလို့ ထိထိရောက်ရောက် ကူညီမပေးနိုင်သလို နိုင်ငံတော်က ပံ့ပိုးပေမယ့် မလုံလောက်ဘူးလို့လည်း ပြောပါတယ်။ နာဂဒေသမှာ နဂိုကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသ ဖြစ်တဲ့အပြင် လက်ရှိမှာ မိုးတွင်းကာလဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပါတယ်။ နာဂဒေသက တိုင်းရင်းသားတွေကို အကူအညီပေးဖို့အတွက် စေတနာရှင်၊ အလှူရှင်တွေကိုလည်း သက်ဆိုင်ရာက ဖိတ်ခေါ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024