ကော့သောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး ကွင်းဆင်းစစ်ဆေး
DVB
·
August 19, 2017
ကော့သောင်းမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့အတွင်း ထုတ်လုပ်ရောင်းချနေတဲ့ မုန့်တိုက်လုပ်ငန်းတွေကို ကွင်းဆင်းစစ်ဆေးခဲ့ ကြပါတယ်။
စစ်ဆေးရာမှာ မုန်ဖုတ်လုပ်ငန်းအလုပ်ရုံတွေကို သွားရောက်ပြီး လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်မှုရှိမရှိနဲ့ တားမြစ်ထားတဲ့ ဓာတုဆိုးဆေးတွေ သုံးစွဲမှုရှိမရှိတွေကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။
အများပြည်သူ စားသုံးရာမှာ ဘေးအန္တရာယ် မဖြစ်ပေါ်စေဖို့၊ ဓာတုဗေဒဆိုးဆေးတွေ အသုံးမပြုဖို့၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာတွေကိုရှင်းပြပြီး စားသောက်ကုန် ပစ္စည်းတွေရဲ့ တာရှည်ခံဆေး၊ ဆိုးဆေးတွေ၊ ကုန်အမှတ်တံဆိပ်၊ သက်တမ်းလွန်မှုနဲ့ ဈေးကွက်နယ်ပယ် အသီးသီးရှိ စားသောက်ကုန်ပစ္စည်းတွေက ကြုံတွေ့နိုင်တဲ့ ဆိုးကျိုး အန္တရာယ်တွေနဲ့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိမရှိ အခြေနေတွေကို ကြည့်ရှုပြီးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး အသိပညာပေးတာ လိုအပ်တာတွေကို ကူညီပေးနိုင်ဖို့ လိုက်စစ်တာဖြစ်တယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲမှု ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
လတ်ကိုကိုဦး