ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်ပြည်သူများ စကားဝိုင်းကျင်းပ
DVB
·
August 7, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်ပြည်သူတွေ ပါဝင်မယ့် ကျေးလက်ပြည်သူများ စကားဝိုင်းကို မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ဒီကနေ့မနက် ၁၀ နာရီ စတင်ကျင်းပဖို့ ရှိပါတယ်။
စကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အဲဒီကျေးရွာမှာ နေထိုင်တဲ့ ဆန်စက်ပိုင်ရှင်၊ ကုန်ကားပိုင်ရှင်၊ သီးနှံပွဲစား၊ ယက္ကန်းရုံပိုင်ရှင်၊ ကျောင်းဆရာ၊ ကုန်စုံဆိုင်ပိုင်ရှင်၊ တောင်သူ စုစုပေါင်း ၈ ဦး ပါဝင်ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အခုတကြိမ်ပြုလုပ်တဲ့ စကားဝိုင်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်သူတွေ တွေ့ဆုံဆွေးနွေးတဲ့ လေးကြိမ်မြောက်စကားဝိုင်း ဖြစ်ပါတယ်။