အမျိုးသမီးတဦး မြစ်ထဲခုန်ချခဲ့သော်လည်း အသက်မသေဘဲ လွတ်မြောက်လာ
DVB
·
July 29, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရေး-ထားဝယ်သွားကားလမ်းရှိ ရေး တံတားကြီးပေါ်မှာ ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီကျော်လောက်က အမျိုးသမီးတဦး ရေး မြစ်ချောင်းထဲကို ခုန်ချခဲ့ပေမယ့် အသက်မသေဘဲ ပြန်လည်လွတ်မြောက်သွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးစိုးမွန်က ပြောပါတယ်။
“ရေထဲခုန်ချမိသူ မဒေဝီချမ်း အသက် ၂၄ နှစ်က အစ်ကိုဖြစ်သူ နိုင်ဗညားရောနဲ့အတူ ဆိုင် ကယ်စီးပြီးပြန်လာရာနေ မဒေဝီချမ်း က အန်ချင်တယ်ဆိုပြီး မသိစိတ်က ရေးမြစ်ထဲကို တံတားပေါ်ကနေတဆင့် ခုန်ချမိခဲ့တာ။ ရေထဲ မျှောပါသွားပြီး ခြံတခြံကိုရာက်ရှိလို့ တက္ကစီဆိုင်ကယ်နဲ့အတူ အသိမိတ်ဆွေ နေအိမ်ဖြစ်တဲ့ ဦးအောင်ပန်းအိမ်ကို ည ၇ နာရီကျော်လောက်က ပြန်လည်ရောက်ရှိလာပါတယ်” လို့ စခန်းမှူး ဒုရဲမှူးစိုးမွန်က ပြောပါတယ်။
ရေးမြစ်ချောင်းထဲ ခုန်ချခဲ့တဲ့ မဒေ၀ီချမ်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့တာပါ။
နေမျိုးထွဋ် (ရေး)