ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နေကြောင်း မိုး/ဇလ ထုတ်ပြန်
DVB
·
July 15, 2017
ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့ ညနေ ၄ နာရီမှာ ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေနဲ့ အနောက်ဘင်္ဂလားကမ်းခြေတို့မှာ ဖြစ်ပေါ်နေပြီး နောက် ၄၈ နာရီအတွင်း ပိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးတော့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့ ထုတ်ပြန်ပါတယ်။
မနက်ဖြန် မနက်ထိကတော့ နေပြည်တော်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာမယ်လို့လည်း ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး ရေပြင်/မြေပြင်လေဟာ တစ်နာရီ ၃၅ မိုင်က မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။